၁။ အလုပ်ကို အရမ်းကြိုးစားလုပ်တယ်။
၂။ စေ့စေ့စပ်စပ် သေချာ စဉ်းစားတွေးခေါ်တတ်တယ်။
 ၃။ အလုပ်လုပ်မယ်ဆို စိတ်ဝင်တစားနဲ့ သေချာလုပ်တတ်တယ်။
 ၄။ ရေရှည် အကျိုးအမြတ်ရမှာကို တွေးပြီး လုပ်တတ်တယ်။
 ၅။ ပညာရပ်တွေ သင်ယူဖို့ ပိုက်ဆံကုန်တာကို မနှမြောတတ်ဘူး။
 ၆။ ကိုယ်ကျင့်တရားကို မြတ်နိုး တန်ဖိုးထားတယ်။
 ၇။ အလုပ်ကို ကြိုးစားလုပ်ပေမယ့် ရလာဒ်ကောင်း ချက်ချင်းမမြင်ရပေမယ့် ကြိုးစားမြဲ ကြိုးစားဆဲပဲ။
 ၈။ အကောင်းမြင်စိတ်ရှိတယ်။
 ၉။ စိတ်ဖိစီးမှုကို ခံနိုင်ရည်ရှိတယ်။
 ၁၀။ အမြန်ချမ်းသာဖို့ ဖြတ်လမ်းနည်းတွေ အလွယ်တကူ မလိုက် နားမယောင်တတ်ဘူး။
 ၁၁။ ဘယ်ပဲရောက်ရောက် ဘာပဲလုပ်လုပ် သင်လွယ်တတ်လွယ်တယ်။
 ၁၂။ သေချာတွက်ချက်ပြီး calculated risks စွန့်စားတတ်တယ်။
ချမ်းသာချင်သူတွေဆို ဒီအချက်တွေထဲက ဘယ်အချက်နဲ့ ကိုက်ညီမှု ရှိလဲ ပြောပြပေးပါဦးနော်။
#MoefromAmerica ❤️
