နေ့စဉ် အလုပ်သွားရတာ လူပေါင်းစုံနဲ့ ဆက်ဆံရတာ စိတ်ဖိစီးမှုများလှပါတယ်။ လစာမြင့်ပြီးဝင်ငွေကောင်းတဲ့ အလုပ်တွေက ပိုပြီး စိတ်ဖိစီးမှုများကြပါတယ်။
အလုပ်ထဲမှာ စိတ်ဖိစီးမှု မများစေဖို့ ဒီအချက်လေးတွေကို လုပ်ကြည့်ပါ။
၁။ Routine
 အလုပ်တွေကို Routine ဖြစ်အောင် လေ့ကျင့်ပါ။ တနေ့တာမှာ လုပ်စရာအလုပ်တွေ မေ့မကျန်အောင် ဘယ်အချိန် ဘာလုပ်ရမလဲ ဘာတွေပြီးရမလဲ စဉ်းစားပြီး စီမံခန့်ခွဲပါ။
၂။ Time Management
 အလုပ်တွေကို အချိန်မှီပြီးအောင် Time Management လုပ်ထားပါ။
၃။ Mind Management
 နေ့လည်နေ့ခင်း အလုပ်တွေ အရမ်းများလာလို့စိတ်ဖိစီးမှုများလာရင် အာရုံပြောင်းပါ။
 ခဏလောက် break time ယူတာ၊ မုန့်စားတာ၊ ဖျော်ရည်တခုခုသောက်တာ၊ သီချင်းနားထောင်တာလုပ်ပါ။
A clear mind is a powerful mind. စိတ်ကို ကြည်ကြည်လင်လင်ထားနိုင်တာ အလုပ်မှာ focused အာရုံစူးစိုက်အား ပိုကောင်းစေလို့အမှားနဲပြီး boost energy and creativity ခွန်အားလဲပိုရှိလို့ အလုပ်မြန်မြန်ပြီးတယ်၊ ကိုယ့်နဲ့ အတူတူ အလုပ်လုပ်တဲ့သူတွေကိုလဲ စိတ်ဖိစီးမှု မပေးပဲ ပျော်ရွှင်စေတယ်။
မိုး နဲ့ အတူ အလုပ်လုပ်တဲ့သူတွေက ပျော်ရွှင်ကြတယ်၊ တနေ့တာမှာ 10-12 နာရီ အလုပ်လုပ်ရပေမယ့် Positive Energy ပဲထားပြီး အလုပ်တွေကို မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန်ပြီး အောင်လဲလုပ်ပြီး Team ကိုလဲ ပျော်အောင် ထိန်းထားနိုင်တယ်။
အလုပ်ထဲမှာ စိတ်ဖိစီးမှုများပြီး မပျော်ရွှင်နိုင်အောင် ဖြစ်နေရင် ဒီအချက်လေးတွေလုပ်ကြည့်ပါဦးနော်။
အလုပ်ထဲမှာ အကြည်ဓာတ်ရဖို့ တခြားလုပ်ဖြစ်တာရှိရင်လဲ ပြောပြပေးပါဦး။
#MoefromAmerica ❤️🇺🇸
