အမေရိကန်နိုင်ငံမှာ Dating အောင်မြင်ဖို့ လမ်းညွှန်သင်တန်း
About Course
အမေရိကန်မှာ Dating ကို ယုံကြည်မှုရှိရှိ စတင်ချင်ပါသလား?
အမေရိကန်နိုင်ငံမှာ Dating Culture က မြန်မာနိုင်ငံနဲ့ မတူညီပါဘူး။
ဘယ်လိုစတင်ရမလဲ?
ဘယ်လိုလူကို ရွေးချယ်သင့်လဲ?
ဘယ်အချက်တွေကို သတိထားရမလဲ?
Online Dating က လုံခြုံရဲ့လား?
ဒီမေးခွန်းတွေကို အဖြေပေးနိုင်ဖို့ ဒီသင်တန်းကို ဖန်တီးထားပါတယ်။
⸻
ဒီသင်တန်းက ဘယ်သူတွေအတွက်လဲ?
✔️ အမေရိကန်ကို အသစ်ရောက်လာသူများ
✔️ Dating ကို စတင်ချင်ပေမယ့် မသေချာသေးသူများ
✔️ Healthy Relationship တည်ဆောက်ချင်သူများ
✔️ Online Dating ကို လုံခြုံစွာ အသုံးပြုချင်သူများ
✔️ Romance Scam နဲ့ Toxic Relationship တွေကို ရှောင်ရှားချင်သူများ
⸻
သင်တန်းမှာ ဘာတွေသင်ပေးမလဲ?
✔️ အမေရိကန် Dating Culture ကို နားလည်ခြင်း
✔️ ကိုယ်နဲ့ လိုက်ဖက်တဲ့ Partner ကို ရွေးချယ်နည်း
✔️ First Date အတွက် ပြင်ဆင်နည်း
✔️ Communication Skills နဲ့ Healthy Boundaries
✔️ Red Flags နဲ့ Green Flags ကို ခွဲခြားသိမြင်နည်း
✔️ Dating Apps ကို လုံခြုံပြီး ထိရောက်စွာ အသုံးပြုနည်း
✔️ Romance Scams နဲ့ Online Dating လိမ်လည်မှုများကို ကာကွယ်နည်း
✔️ Long-term Relationship နဲ့ Marriage အတွက် ပြင်ဆင်နည်း
⸻
ဒီသင်တန်းရဲ့ ထူးခြားချက်
ဒီသင်တန်းမှာ မျှဝေထားတဲ့ အကြောင်းအရာတွေဟာ ကျွန်မ ကိုယ်တိုင် အမေရိကန်နိုင်ငံမှာ နေထိုင်ရင်း လေ့လာခဲ့တဲ့ အတွေ့အကြုံတွေ၊ လက်တွေ့ကျင့်သုံးခဲ့တဲ့ နည်းလမ်းတွေနဲ့ ရရှိခဲ့တဲ့ သင်ခန်းစာတွေကို အခြေခံထားပါတယ်။
ရည်ရွယ်ချက်က အောင်မြင်တဲ့ Relationship ကို အာမခံပေးဖို့ မဟုတ်ဘဲ၊ အသိပညာ၊ ပြောဆိုဆက်ဆံတတ်အောင် နဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်း ပိုမိုကောင်းမွန်လာစေဖို့ ဖြစ်ပါတယ်။
⸻
သင်တန်းမှ သင်ရရှိမယ့် အကျိုးကျေးဇူး
✅ Dating ကို ယုံကြည်မှုရှိရှိ စတင်နိုင်မယ်။
✅ မလိုအပ်တဲ့ အမှားတွေကို လျှော့ချနိုင်မယ်။
✅ Healthy Relationship တည်ဆောက်ဖို့ အခြေခံကျတဲ့ အရည်အချင်းတွေ ရရှိမယ်။
✅ လိမ်လည်မှုတွေနဲ့ အန္တရာယ်ရှိတဲ့ Relationship တွေကို ပိုမိုသတိထားနိုင်မယ်။
⸻
သင်တန်းတက်ရောက်ပုံ
🎥 Online Video Lecture သင်တန်း
ကိုယ့်အားလပ်ချိန်အလိုက် အချိန်မရွေး၊ နေရာမရွေး လေ့လာနိုင်တဲ့ Self-paced Online Course ဖြစ်ပါတယ်။
Course Content
Dating
-
အမေရိကန် dating culture ထဲမှာ confuse အဖြစ်များတဲ့ ၃ ခု
-
Serious Men vs Players (ဘယ်လိုခွဲမလဲ)?
-
ပထမဆုံး Date မှာ ပြောသင့်တဲ့ အကြောင်းအရာများ (Burmese Version)
-
ပထမဆုံး Date မှာ ပြောသင့်တဲ့ အကြောင်းအရာများ (English Version)